Wednesday, March 21, 2012

Mr. Lee Kuan Yew ပြောသောမြန်မာနိုင်ငံအကြောင်း အပိုင်း (၂)

Creative Commons License
Blog by kosol15.blogspot.com is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at Blog Spot.

၁၉၉၅ ခုနှစ်တွင် မြန်မာအစိုးရ၏ ဝန်ကြီးချူပ်နှင့် စစ်တပ်ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချူပ်ကြီးသန်းရွှေ စင်္ကာပူသို့အလည်အပတ်လာရောက်
စဉ်ကာလ၌ ကျန်ုပ်နှင့်တွေ့ဆုံချိန်တွင် သူ့အနေဖြင့် အင်ဒိုနီးရှားနိုင်ငံကိုသွားရောက်လည်ပတ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ စစ်ခေါင်းဆောင်
တစ်ဦးဖြစ်သော ဗိုလ်ချူပ်ကြီးဆူကာနို အနေဖြင့် စစ်ခေါင်းဆောင်အဖြစ်မှ တိုင်းပြည်သမ္မတ ဖြစ်အောင် ပြုပြင်ပြောင်းလဲလုပ်ဆောင် သွားပုံကိုသွားရောက် လေ့လာသင့်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံဥပဒေအရ စစ်တပ်ကို အစိုးရအဖွဲ့အတွင်းအထူးအရေးပါသည့် နေရာတွင်ထားရှိပြီး ဥပဒေပြုပြင်ပြောင်းလဲရေးများ အတွက်အရေးပါသော စစ်တပ်ကိုယ်စားလှယ်များ (အမတ်များ) ပါဝင်ထားစေသည်။ ထို့အပြင် အင်ဒိုနီးရှားစစ်တပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံလုံခြုံရေး နှင့် ဥပဒေစိုးမိုးရေးအတွက် အထူး တာဝန်ယူဆောင်ရွက် စေသည်။ သမ္မတ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ကို (၅)နှစ် တကြိမ် အထွေထွေရွေးကောက်ပွဲခေါ်ယူပြီး ရွေးချယ်တင်မြှောက်သည်။ မြန်မာအနေဖြင့် အခြားအရှေ့တောင်အာရှနိုင်ငံ များနှင့် အသွင်တူ ရှေ့ဆက်နိုင်ရန် အင်ဒိုနီးရှားပြုလုပ်သွားသည့်ပုံစံကို အတုခိုးသင်ယူ သင့်ကြောင်း အကြံပေးလိုက်သည်။

၁၉၉၄ နှစ်ဦးပိုင်းတွင် ဦးနေဝင်း ကျန်းမာရေးအတွက် စင်္ကာပူသို့ဆေးကုသမှုလာရောက်ချိန်တွင် ကျန်ုပ်သူ့အားလက်ခံတွေ့ဆုံခဲ့သည်။
ဦးနေဝင်း မှ သူ့လေ့လာကျင့်ကြံလျှတ်ရှိသော တရားရှုမှတ်ခြင်းဖြင့် သူ၏စိတ်ထဲတွင် စိတ်အေးချမ်းသာမှု အပြည့်အဝရရှိပြီး မပူမပန်
မကြောင့်မကြရှိကြောင်း ကျန်ုပ်ကိုပြောပြသည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာအစိုးရခေါင်းဆောင်ကြီးအဖြစ်မှ ဆင်းပေးလိုက်ရပြီး (၂) နှစ်ခန့်
ကြာသည်အထိ သူ့အနေဖြင့် တိုင်းပြည်အတွက် စိတ်မအေးပဲ အလွန်အမင်း စိတ်မပျော်မရွှင်ဖြစ်ပြီး စိုးရိမ်ကြီးစွာဖြစ်မိကြောင်း၊ ၁၉၉၀
ခုနှစ်တွင် သူတရားရှုမှတ်ခြင်း ကိုစတင်ဖတ်ရှုလေ့လာကြောင်း၊ ယခုအခါမှာတော့ မနက်ခင်း၊ နေ့လည်နဲ့ ညနေပိုင်း အချိန်အတော်များ
များကို ဆိတ်ငြိမ်စွာ တရားရှုမှတ်ခြင်းဖြစ်သာ အချိန်ကုန်သွားစေကြောင်း ကျန်ုပ်ကိုပြောပြခဲ့သည်။ ၁၉၈၆ ခုနှစ်က ကျန်ုပ် ရန်ကုန်တွင်
သူ့ကိုတွေ့စဉ် ကျန်းမာရေးမကောင်းသော သူနှင့်တူလှပြီး ယခုအခါ အများကြီးကြည့်ကောင်း၍ ကျန်းမာရွှင်လန်းလှသည်။

၁၉၉၇ ခုနှစ် တွင် ဦးနေဝင်း စင်္ကာပူသို့ သူ၏ဆရာဝန်များ နှင့်တွေ့ဆုံရန်လာသောအခါ ၌ ကျန်ုပ်သူနှင့် တွေ့ဆုံခြင်းသည် နောက်ဆုံးပင်
ဖြစ်သည်။ သူ၏အသက် (၈၆) နှစ်ပြည့်ပြီးဖြစ်သော်လည်း သူ့ကိုကြည့်ရသည်မှာယခင်အခေါက်ကထက်ပင်ပို၍ ကြည့်ကောင်းနေသည်။
ဒီတကြိမ်တွင် တရားထိုင်ခြင်းနှင့် တရားရှုမှတ်ခြင်းအကြောင်းများသာပြောတော့ပြီး ကျန်ုပ်ကိုလဲ တရားထိုင်နည်းလမ်းကောင်းများ အကြံ
ဥာဏ်ပေးသွားသည်။ ကျန်ုပ်မှ ဦးနေဝင်းအား “ သားသမီးမြေးမြစ်တွေ မကျန်းမမာဖြစ်မှာ မစိုးရိမ်ဘူးလား ? ” ဟုမေးတော့ သူ့ စိုးရိမ်
သေးကြောင်း သို့သော် သူ့စိတ်ကိုအပြင်းအထန်မပူပင်အောင် ထိမ်းချူပ်လျှော့ချနိုင်ပြီဖြစ်ကြောင်း၊ စိတ်ခံစားမှုများကို တရားထိုင်ခြင်း
ဖြစ် မေ့ပျောက်ပစ်နိုင်ကြောင်းဖြေကြားသည်။ ကျန်ုပ်ကထပ်မံ၍ “ ယခင်တပည့်ဟောင်း ဗိုလ်ချူပ်များကအကြံဥာဏ်လာတောင်းမှာရော
မစိုးရိမ်ဘူးလား ?” ဟုမေးတော့ သူက “ သူတို့တွေလာမေးကြရင် အလုပ်အကြောင်းတွေ မပြောပါနဲ့လို့ တားမြစ်ထားတယ်၊ ဒီပြသနာ
လောကကြီးထဲကနေ အနားယူပြီးပြီ ” လို့ သူက ကျန်ုပ်ကိုပြောပြသည်။ သို့သော် သံတမန် အသိုင်းအဝိုင်းမှ ဦးနေဝင်း သည် ယနေ့တိုင် စစ်တပ်၏ အာဏာာပိုင်များကို သြဇာလွှမ်းမိုးထားပြီး တစုံတရာပြုလုပ်နိုင်ရန် တန်ခိုးအာဏာာရှိနေသေးကြောင်း
ကျန်ုပ်ကို ပြောပြသည်။

အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများအုပ်စုက ၁၉၉၁ ခုနှစ်တွင် နိုဘယ်လ်ဆုရရှိခဲ့သည့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်ခေါင်းဆောင်များကအာဏာလွှဲပြောင်းပေးနိုင်ရန် စီးပွားရေးပိတ်ဆို့မှုများဖြင့် ဖိအားပေးဆောင်ရွက်
ခဲ့ကြသည်။ ကျန်ုပ်အနေဖြင့် ထိုကဲ့သို့ ပိတ်ဆို့မှုနည်းလမ်းဖြင့် အောင်မြင်မှုရရှိရန် မမြင်ပေ။ ၁၉၆၂ ခုနှစ် ဦးနေဝင်းနိုင်ငံ၏ အာဏာကို
ရယူပြီးချိန်မှအစပြု၍ နိုင်ငံ၏ တပ်မတော်သည် အရေးပါသော နေရာသို့ရောက်ရှိလာခဲ့သည်။ စစ်တပ်ခေါင်းဆောင်များသည် တဖြည်း
ဖြည်းခြင်းစီ မြိြု့ပအုပ်ချူပ်မှုများနှင့် အစိုးရအဖွဲ့အတွင်း နေရာယူလာကြသည်။ အခြားသောနည်းလမ်းအနေဖြင့် Bosnia နိုင်ငံသို့ ဝင်ရောက် ခဲ့သည့်နည်းအတိုင်း အမေရိကန်နိုင်ငံ သို့မဟုတ် ကုလသမဂ္ဂ၏ စစ်တပ်များပြင်ဆင် ပို့ဆောင်စေပြီးမှ သာတိုင်းပြည်ကို ထိမ်းချူပ်နိုင်ပေမည်။ မြန်မာနိုင်ငံတွင် စစ်တပ်မရှိလျှင် အစိုးရမရှိခြင်းနှင့် အတူတူပင်ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင်အာဆီယံနိုင်ငံ ခေါင်းဆောင် များက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်းဝင်ရောက်ခွင့်ပေးခဲ့ခြင်းအပေါ် အနောက်နိုင်ငံများအုပ်စုမှ အလွန်သည်းမခံနိုင်
ဖြစ်ခဲ့ကြသည်။ သို့သော် မြန်မာ၏ တိုးတက်ပြောင်းလဲမှု၊ နိုင်ငံ၏ တံခါးဖွင့်ပေးနိုင်မှုများအတွက် ဘယ်နည်းလမ်းဟာ ပိုကောင်းပါသလဲ ?
Cambodia နိုင်ငံတွင် ကုလသမဂ္ဂကြီးကြပ်သည့် ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်းနိုင်ငံ၏ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချူပ်ရေးအဖွဲ့ များကို ဟွန်ဆန် မှထိမ်းချူပ်ထားသဖြင့်ရွေးကောက်ပွဲ အနိုင်ရရှိသူကို အာဏာာလွှဲမရသည့်အဖြစ်အပျက်များ ဖြစ်ခဲ့ဖူးသည်။

နိုင်ငံတကာမိသားစု ဖြင့် မြန်မာစစ်အစိုးရပိုမိုဆက်သွယ်လာသည်နှင့် အမျှ မြန်မာဗိုလ်ချူပ်များအနေဖြင့် နောက်ဆုံးတွင် အခြားအာဆီယံ နိုင်ငံများနည်းတူ အစိုးရဖွဲ့စည်းနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများမကြာခင်ပြုလုပ်လာနိုင်ဖွယ်ရှိသည်။

------------------------------------------------------------------------------------------------------------------------------------

အခုရေးသောပို့စ်အတွက် ခေါင်းစဉ်မူရင်းက Mr. Lee Kuan Yew နှင့် မြန်မာနိုင်ငံပါ။ ပိုစ့်ကိုတင်လိုက်ပြီးမှ ကျနော်ရေးပြီးတိုင်းချက်ချင်း
ဖတ်အကြံပြုလေ့ရှိတဲ့ သူငယ်ချင်းညီလေး ဥာဏ်လင်းထွန်း က “လီကွမ်ယူပြောသော မြန်မာနိုင်ငံ” ဆိုရင် ပိုမကောင်းဖူးလား လို့ အကြံပြုတာကြောင့် Mr. Lee K Y ပြောသော မြန်မာနိုင်ငံအကြောင်း ဆိုပြီး ပြန်ပြောင်းခေါင်းစဉ် တက်လိုက်ကြောင်း မှတ်တမ်းတင်ပါ သည်။

နိဂုံးချူပ်အနေဖြင့် ပြောရလျှင် စင်္ကာပူ၏ အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံဖြိုးမှုများ သည် စင်္ကာပူကိုလဲ တိုက်ရိုက် အကျိုးသက်ရောက် မှု များရှိသဖြင့် Mr Lee အနေဖြင့် အခါအားလျှော်စွာ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ အကြံဥာဏ်များကို သက်ဆိုင်ရာနိုင်ငံများ မှ ဖိတ်ကြား
ခြင်းကြောင့်သော်လည်းကောင်း၊ သူ၏သဘောဖြစ်သော်လည်းကောင်း ပေးလေ့ပေးထရှိကြောင်း Mr. Lee ရေးသောစာအုပ်မှတဆင့်
ဖတ်ရှုနားလည်မိသည်။ ကျနော်တို့၏ အမိမြန်မာနိုင်ငံကိုလဲ စီးပွားရေးဆိုင်ရာ အကြံဥာဏ်ကောင်းများ ပေးခဲ့သော်လည်း မြန်မာအစိုးရ ခေါင်းဆောင်များအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသလောက်နည်းပါးခဲ့ကြသည်ကို စိတ်မကောင်းဖွယ်ရဖတ်ရသည်။ သူများထက် အများကြီးနောက်ကျကျန်ခဲ့ရသော အမိမြန်မာနိုင်ငံတော် အမြန်ဆုံးပြုပြင်ပြောင်းလဲ၍ အလျှင်အမြန် တိုးတက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းရင်း ကျနော့်ပိုစ့်ကို နိဂုံးချူပ်ပါသည်။ ။

2 comments:

  1. ရေးထားတာ သံတမန် ဆန်ပါတယ်...။

    ReplyDelete
  2. ဟုတ်ကဲ့ပါခင်ဗျ။ Mr. Lee ဟာ ဝါရင့်သံတမန်တစ်ဦးလဲ ဖြစ်တာကြောင့် သူရေးတဲ့အတိုင်း တသွေမတိမ်းနည်းပါးတူအောင် လိုက်ရေး
    ရတာကြောင့် သံတမန်ဆန်ဆန် ရေးဖြစ်ပါသည်။ :D

    ReplyDelete